| bGJUawmf
-------------------------------- |
ဘဒ္ဒန္တဒေါက်တာ စန္တ္တာဝရာဘိဝံသ |
rdrdaexdkif&m&dfyfomü
w&m;pcef;usifhyrSk
taNctae ----------------------------- |
ကျိုက္ကလော့ပရိယတ္တ္တိစာသင်တိုက် မိုးကုတ်ဝိပဿနာဓမ္မ၌ တရားဟော၊ တရားပြပေးခြင်း၊ တစ်နှစ်လျှင် အနည်းဆုံး(၅)ကြိမ် တရားစခန်းပွဲများ ကျင့်ပပေးခြင်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ |
| omoema&;aqmif½GufrItaNctae
------ |
ဆရာတော်သည် ပရိယတ် ပဋိပတ် စွယ်စုံ ကျွမ်းကျင်သည့် အားလျှော်စွာ ကျိုက္ကလော့ပရိယတ္တ္တိစာသင်တိုက် မိုးကုတ်ဝိပဿနာဓမ္မ၌္မ စာသင်သား သံဃာများအား ပိဋကတ်ကျမ်းစာများ ပို့ချပေးခြင်း၊ ယောဂီများအား တရားဟောပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ သာသနာပြုတက္ဓ္ကသိုလ်၌ ပိဋကတ်ကျမ်းစာများ ပို့ချပေးခြင်း၊ ကျမ်းစာများ စစ်ဆေးခြင်း၊ Meditation Class များ၌ ၀ိပဿနာ တရားဟောခြင်း၊ International Buddhist Conference များသို့တက်ရောက်၍ စာတန်းများကို ဖတ်ကြားခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။ |
| atmifNrifcJhaom
pmar;yGJrsm; ------------ |
ပထမကျော်
သာသနာဓဇဓမ္မ္မာစရိယ
စေတိယင်္ဂဏဓမ္မ္မာစရိယ
သကျသီဟဓမ္မ္မာစရိယ
M.A
Ph.D
|
qufuyfNcif;cH&onfh
bGJUwHqdyfawmfrsm; --------------------- |
မဟာဂန္တ၀ါစကပဏ္ဍတ (၁၃၆၂)
အဂ္ဂ္ဂမဟာဂန္တ၀ါစကပဏ္ဍတ (၁၃၆၄)
မဟာကမ္မဋ္ဌာနာစရိယ (၁၃၆၈)
|
ဘဒ္ဒန္တဒေါက်တာစန္တာဝရာဘိဝံသ အရှင်သူမြတ်သည်၊ ဖခမည်းတော် ဦးသာဟန်နှင့် မယ်တော်ဒေါ်မြတို့မှ (ကောဇာသက္ကရာဇ် ၁၃၁၁ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက်)၊ ခရစ် ၁၉၄၉ခု အောက်တိုဘာလ ၂၅ရက် (အင်္ဂါနေ့တွင်) မီးရှုးသန့်စင်ဖွားမြင်တော်မူသည်။ သက်တော် ၁ဝ နှစ်သား အ၇ွယ်တွင် ရှင်သာမဏေ အဖြစ်သို့ရောက်ရှိခဲ့ပြီး ရှင်သာမဏေ ဘ၀ဖြင့်ပင် နိုင်ငံတော်အစိုးရက ကျင်းပသော ပထမပြန်စာမေးပွဲတွင် ပထမငယ် ၊ ပထမလတ်၊ ပထမကြီးတန်းတို့ ကို အောင်မြင်တော် မူလျှက် ပထမကြီးတန်းတွင် တစ်နိုင်ငံလုံး ပထမရရှိ၍ ပထမကျော် ဘွဲ့ကို ဆွတ်ခူးရရှိတော် မူခဲ့ပါသည်။
၁၉၆၉ခု ဧပြီလတွင် ဘဒ္ဒန္တဇောတိပါလဆရာတော်ဘုရားကြီး ဥပဇ္ဈယ်ပြုလျှက် ပဲခူးမြို့ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၌ ပစ္စယာနုဂ္ဂဟဒါယကာကြီးဦးအောင်စိန် ၊ဒေါ်ရှုရီတို့၏ အထောက်အပံ့ဖြင့် ရဟန် အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ပရိယတ္တိစာပေ ပညာရပ်များကို မြန်မာနိုင်ငံပရိယတ္တိသာသနာတော်၌ ထင်ရှား ကျော်ကြားသော ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက်၊ ပြည်မြို့ ဇောတိကာရုံ ကျောင်းတိုက်၊ ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက်၊ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်ကြီးနှင့် မစိုးရိမ်ပါဠိတက္ကသိုလ် ကျောင်းတိုက်တို့တွင် သင်ယူဆည်းပူးခဲ့ပါသည်။
သက်တော် ၃ဝနှစ်အတွင်းတွင် သာသနာတော်နယ်ပယ်၌ လွန်စွာခက်ခဲနက်နဲ၍ ဂုဏ်ယူထိုက်သော သာသနဓဇ ဓမ္မာစရိယ စေတိယင်္ဂဏဓမ္မာစရိယ သကျသီဟဓမ္မာစရိယ စာမေးပွဲများကို အဆင့်ဆင့်အောင်မြင်တော်မူခဲ့လေသည်။
ဆရာတော် သည် ၁၉၉၃ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ Buddhist and Pali University မှ မဟာဝိဇ္ဇာ (M.A) ဘွဲ့ထူး ဆွတ်ခူးရရှိတော်မူခဲ့ပြီးနောက် ၂၀၀၃ခုနှစ်တွင် အိန္ဒိယနိုင်ငံ Sanskrit University မှ ပါရဂူ (Ph.D) ဘွဲ့ကို ဆွတ်ခူးရရှိတော်မူသည်။
ဆရာတော်သည် ၁၉၈၆ မှ ၁၉၉၈ အထိ နိုင်ငံတော်ပရိယတ္တိသာသနာ့တ္ကသိုလ်၌ ကထိကဆရာတော် ၊ ပါမောက္ခဆရာတော်အဖြစ်တာဝန်ထမ်းဆောင်တော်မူခဲ့ပြီး ယခုအခါ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ပါမောက္ခ နှင့် မဟာဌာနမှူး တာဝန်အပြင်၊ တက္ကသိုလ်များ အုပ်ချုပ်ရေးအဖွဲ့တွင် ကောင်စီဝင် ဆရာတော်အဖြစ် ထမ်းဆောင်လျက် ရှိလေသည်။ ဖော်ပြပါ သာသနာ့တာဝန်များအပြင် အခြားသော သာသနာရေးဆိုင်ရာ
လုပ်ငန်းဆောင်တာများ၌ မင်္ဂလာဒုံ ကျိုက္ကလော့တောရကျောင်းတိုက် ပဓာနနာယကဆရာတော် အဖြစ်ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့ မိုးကုတ် ဆရာတော် ဘုရားကြီး၏ ၀ိပသာနာနည်းစဉ်ဓမ္မကျင့်စဉ်တရားစခန်းများ၏ နာယကဆရာတော်အဖြစ်ဖြင့်လည်းကောင်း တာဝန်ယူထမ်းဆောင်တော်မူလျက် ရှိလေသည်။
ဆရာတော်၏ သာသန၀န်ဆောင်လုပ်ငန်းများတွင် ပြည်တွင်း-ပြည်ပမှ ဗုဒ္ဓဓမ္မသင်ယူဆည်းပူးကြသူ ကျောင်းသားကျောင်းသူများအား ဗုဒ္ဓဓမ္မဆိုင်ရာ ဗဟုသုတပညာရပ်များကို လမ်းညွှန်ပြသဆိုဆုံးမတော်မူ၍ သာသနာတော်အကျိုး၊ လောကအကျိုး ရွက်ဆောင်သည်ပိုးတော်မူသည် ဖြစ်သောကြောင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဆက်ကပ်တော်မူသော သာသနာရေးဆိုင်ရာ ဂုဏ်ထူးဘွဲ့ထူးဖြစ်သည့် ၂၀၀၁ခုနှစ်တွင် “မဟာဂန္တ၀ါစက ပဏ္ဍိတ” ဘွဲ့၊ ၂၀၀၃ခုနှစ်တွင် “အဂ္ဂမဟာဂန္တ၀ါစက ပဏ္ဍိတ” ဘွဲ့နှင့် ၂၀၀၇ခုနှစ်တွင် “မဟာကမ္မဌာနစရိယ” ဘွဲ့တို့ကို အပူဇော်ခံရရှိတော်မူလေသည်။
A Profile Of venerable Dr.Candavarabhivamsa